သင်ဦးတည်ရာနေရာတိုင်းတွင် သင့်အားကျွန်ုပ်တို့စောင့်ကြိုနေသည်ကိုတွေ့ရပါမည်။
Messe Frankfurt ၏ တရားဝင်ကိုယ်စားလှယ်

ကြိုဆိုပါ၏။

Messe Frankfurt ၏ တရားဝင်ကိုယ်စားလှယ် မှကြိုဆိုပါ၏။

Messe Frankfurt : ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအတွက် စံပြပုံစံ

Messe Frankfurt (group) သည် ကိုယ်ပိုင်ပြပွဲနေရာ ပိုင်ဆိုင်သော ကမ္ဘာ့အကြီးဆုံး ကုန်စည်ပြပွဲ ၊ ညီလာခံ နှင့် အခမ်းအနား စီစဉ်သူဖြစ်သည်။ နှစ်ပေါင်း (၈၀၀) ခန့်ကာလ အတွင်း Frankfurt မြို့နှင့် ကမ္ဘာတစ်လွှားလုံးရှိ ကျွန်ုပ်တို့၏ ပွဲများသို့ လူများကို စုဝေးခေါ်ဆောင်ပေးခဲ့ပါသည်။ ကျွန်ုပ်တို့၏ ကုန်စည်ပြပွဲများ၊ ညီလာခံများ သို့မဟုတ် အခြားသော အခမ်းအနားများ နှင့်ဖြစ်စေ၊ ဒီဂျစ်တယ် သို့မဟုတ် သာမန်နည်းပညာ ဝန်ဆောင်မှုများ နှင့်ဖြစ်စေ၊ ကျွန်ုပ်တို့ ဆောင်ရွက်သမျှသည် လူသားအချင်းချင်းကြား ဆက်သွယ်ဆောင်ရွက်မှုကိုအစဉ်အစိုက် အာရုံပြု ဆောင်ရွက်ခဲ့ပါသည်။ ၎င်းသည် ကျွန်ုပ်တို့၏ ရှည်လျားသောသမိုင်းကြောင်း တောက်လျှောက်စင်းလုံးချော ကောင်းမွန်စေရန် ဆောင်ရွက်နိုင်ခဲ့သော အရာ၁ခု ဖြစ်သည်။ နိုင်ငံပေါင်း ၃၀ ကျော်ရှိဝန်ထမ်းပေါင်း ၂၆၀၀ ခန့်တို့ဖြင့် ကျွန်ုပ်တို့သည်နာရီမလပ်၊ ကမ္ဘာအနှံ့ရှိ ကျွန်ုပ်တို့၏ ဖောက်သည်များ၏ အကျိုးစီးပွားများ ပိုမိုတိုးပွားလာစေရန် အလုပ်လုပ်လျက် ရှိပါသည်။ ပြပွဲများတွင် ဧည့်သည် လေးသိန်းခွဲကျော်နှင့် ပြခန်းပြသသူ ရှစ်သိန်းကျော်တို့သည် ကျွန်ုပ်တို့၏ နိုင်ငံတကာကွန်ယက်၏ စွမ်းဆောင်ရည်နှင့် ကျွန်ုပ်တို့ပွဲများ၏ အရည်အသွေးကို ယုံကြည်မှုထားနေပါသည်။ Messe Frankfurt သည် အနာဂတ် လမ်းကြောင်းများနှင့် နည်းပညာသစ်များ၊ လူထုနှင့် စျေးကွက်များ၊ ရောင်းလိုအား နှင့် ဝယ်လိုအားတို့ကို အတူတကွ ပူးပေါင်းပေးနေပါသည်။ မတူညီသော ရှုထောင့်များနှင့် လုပ်ငန်းကဏ္ဏများ အတူတကွရောက်ရှိလာကြသော နေရာတွင် ကျွန်ုပ်တို့သည် အသစ်အသစ်သော ပူးပေါင်းဆောင်ရွက်မှု များ၊ စီမံကိန်းများနှင့် စီမံကိန်း ပုံစံများ တည်ရှိလာရန် ဖန်တီးပေးနေပါသည်။

မကြာမီကျင်းပမည့်ပွဲများ

Messe Frankfurt Myanmar သည် သင်၏ရှာဖွေအသုံးပြုမှုပိုမိုချောမွေ့စေရန် ကွတ်ကီးများကိုအသုံးပြုပါသည်။ ကျွန်ုပ်တို့၏ဝန်ဆောင်မှုကိုအသုံးပြုခြင်းအားဖြင့် သင်သည်ကွတ်ကီးအသုံးပြုခြင်းကိုသဘောတူပါသည်။ သတင်းအချက်အလက်ထပ်မံရယူရန်